fowers
Posted by chitoo on April 9, 2008
Posted in Digital SLR Camera - DSLR-A200W | Tagged: colour, flower, red, white | Leave a Comment »
Digital SLR Camera – DSLR-A200W.
Posted by chitoo on April 4, 2008
Posted in Uncategorized | Leave a Comment »
ဒီနေရာလေးကိုသွားပါ။
Posted by chitoo on March 23, 2008
နေ့တိုင်းတင်နေတဲ့ ပိုစ့်တွေကို ဒီနေရာ လေးမှာလာရောက်လေ့လာနိုင်ပါတယ်။
Posted in ဓါတ်ပုံပညာ | Leave a Comment »
ကင်မရာကမြင်သကဲ့သို့ သင့်မျက်စိက လိုက်လို့မြင်တတ်ပါစေ။
Posted by chitoo on November 27, 2007
ဓာတ်ပုံပညာ စတင်လေ့လာသူသည် ဖလင်ကိုအမြန်ကူးဓာတ်ပုံလုပ်ငန်းသို့ပို့၍ ဖလင်ဆေး၊ ပုံကူးပြီးပြန်ရောက်လာသည့် ဓာတ်ပုံများကိုကြည့်ရှုပြီး ထွက်ပေါ်လာသည့် ဓာတ်ပုံများ၏ ရှေ့ပိုင်းနှင့်နောက်ခံပိုင်းများတွင် သူဓာတ်ပုံရိုက်စဉ်က သတိမပြုမိလိုက်သော အရာဝထ္တုများ ယခုထွက်ပေါ်လာသော ဓာတ်ပုံထဲတွင်မမျှော်လင့်ဘဲ မမျှော်လင့်သော အရာဝထ္တုများပါရှိပေါ်လွင်မှုများကို “ငါဓာတ်ပုံ ရိုက်တုန်းက ဒီဟာ/ ဟိုဟာတွေကို မတွေ့မိဘူး” ဟုဆိုတာကို ကြုံဖူးပါလိမ့်မည်။ ဥပမာ တောင်ကြီး သို့ရထားစီးသွားစဉ် ခွေးရုပ် ဘူတာအရောက် ရထားကကြာကြာရပ်ပြီး ထမင်းဆင်းစားကြစဉ် ခွေးရုပ်ဘူတာဆိုသည့် ဆိုင်းဘုတ်ရှေ့ အမှတ်တရ ဓာတ်ပုံရိုက်လေ့ ရှိပါသည်။ လူကိုထားပြီး လူ၏အနေအထားကိုအာရုံပြု ဓာတ်ပုံရိုက်လေ့ရှိပြီး နောက်ခံဘက်ဂရောင်းကို ဂရုမစိုက်ဘဲ နောက်ခံဆိုင်းဘုတ်အပြည့်ပါမှာပဲဟု မျက်စိဖြင့်မြင်ခြင်းကို အားကိုး၍ ဓာတ်ပုံရိုက်ရာတွင် ကင်မရာမှန်ဘီလူးထဲမြင်သည်ကို အမှတ်တမဲ့ ဓာတ်ပုံရိုက်သည့်အခါ ထွက်ပေါ်လာသည့် ဓာတ်ပုံတွင် လူပုံကတော့ ပြုံးရွင်စွာပေါ်နေသော်လည်း နောက်ခံဘူတာ၏ ဆိုင်းဘုတ်မှ စာလုံးအချို့ပြတ်သွားသဖြင့် “ လူပုံ၏နောက်ခံတွင် ခွေးရုပ် ” ဆိုတဲ့ ဆိုင်းဘုတ်က စာလုံးပဲ ပါရှိပါက အဲဒီဓာတ်ပုံကို ဓာတ်ပုံအရိုက်ခံရသူအား သင်ပေးဝံ့ပါဦးမလား။ “ ရဲဘော်… ကိုယ့်မိန်းကလေး၏ ဓာတ်ပုံဖြစ်ပါက သူမမြင်ခင် ဓာတ်ပုံကို မြန်မြန် ဆုတ်ပစ်ပေတော့၊ လက်နှေးရင် နားရွက်ကွေးသွားနိုင်တယ်နော် ” အဲဒါဘာကြောင့်လဲ ။ ကင်မရာပုံရိပ်ကြည့်ပေါက်ထဲမှ ခလုတ်မနှိပ်မီ ရှေ့ပိုင်းပုံရိပ် FORE GROUND နှင့် နောက်ခံဘက်ဂရောင်း BACK GROUND ကို ကင်မရာခလုတ်မနှိပ်မီ စေ့စေ့စပ်စပ် သတိမပြုမိခြင်းကြောင့်ပဲဖြစ်ပါတယ်။
မျက်စိသက်သက်ဖြင့် ကြည့်၍ မရွေးချယ်ပါနှင့်
Posted in ဓါတ်ပုံပညာ | Leave a Comment »
အခြေခံဓာတ်ပုံရိုက်နည်း
Posted by chitoo on November 4, 2007
ဓာတ်ပုံမရိုက်မီနှင့် ဓာတ်ပုံရိုက်တော့မည့်အခိုက်တွင်သင် သင်သတိရှိစွာဖြင့် သင့်ကင်မရာပုံရိပ်ကြည့်ပေါာက်ထဲတွင်သင် ဓာတ်ပုံရိုက် လိုသည့် မြင်ကွင်းထဲမှ အရာဝထ္ထုများ၏ တည်ရှိနေမှုကို သင်တက်ကြွစွာ ဆုံးဖြတ်ချက်များချ၍ အနေအထား ရွှေးချယ်ဓာတ်ပုံ ရိုက်မည်ဆိုပါက သင်ဓာတ်ပုံရိုက်လိုသည့်မြင်ကွင်းကို အရှိအရှိအတိုင်း ဖြစ်သလိုမြင်၍ ကင်မရာခလုတ်နိုပ်လိုက်သောဓာတ်ပုံထက်သာလွန်ကောင်းမွန်သောပုံရိပ်ကို သင်ဖန်တီးနိုင်မည်ဖြစ်သောကြောင့် သင်သည် သမာရိုးကျဖလင်ကင်မရာနှင့် ဓာတ်ပုံရိုက်သည်ဖြစ်စေ ဒစ်ဂျစ်တယ်ကင်မရာနှင့် ဖြစ်စေ ဖြစ်သလိုဓာတ်ပုံမရိုက်ဘဲ ဓာတ်ပုံဖွဲ့စည်းမှုအနေအထားအယူအဆ COMPOSITION ကိုအကောင်းဆုံးအနေအထားကို ရွေးချယ်၍ ကင်မရာခလုတ်ကို နှိပ်ပါဟု အကြံပြုအပ်ပါသည်။
အကြမ်းဖျင်းအကြံပြုရပါက ဓာတ်ပုံရိုက်ရာတွင် မြင်ကွင်းကို အပေါ်တစ်ပိုင်း အောက်တစ်ပိုင်း ညီညာစွာအနေအထား ဓာတ်ပုံမရိုက်ပါနှင့်။ အပေါ်ပိုင်း သို့မဟုတ် အောက်ပိုင်း တစ်ခုခုကို အသားပေး၍ ရွေးချယ်၍ ဓာတ်ပုံရိုက်ပါ။ သို့မှ သင်ပြလိုမှုကို ကြည့်ရှုသူက ပို၍အာရုံပြု ကြည့်ရှု့ခံစားနိုင်ပါလိမ့်မည်။
သင်ရှု့ခင်းကို ဓာတ်ပုံရိုက် လိုပါကအဓိကအရာဝထ္တုကို မြင်ကွင်း၏
ဗဟိုချက် E နေရာတွင်မထားပါနှင့်။ ပုံတွင် အကြံပြုထားသည့်အတိုင်း ဒေါင်လိုက်၏ သုံးပုံတစ်ပုံ AB နှင့် DC လိုင်းများနှင့် လဲလျှက်၏ သုံးပုံတစ်ပုံAD နှင့် BC တို့၏ ဆုံချက်များဖြစ်သော A,B,C,D နေရာများတွင် အရေးကြီး အဓိကအရာဝတ္ထုများကို နေရာချထား၍ ဓာတ်ပုံရိုက်ပါ။ “GLODEN RULE OF THE THIRDS” ဖြစ်နိုင်ပါက မြင်ကွင်း၏ ကုန်းတစ်ပိုင်း ကောင်းကင်တစ်ပိုင်း သို့မဟုတ် မိုးကုတ်စက်ဝိုင်း HORIZON လိုင်းကို တည့်တည့်မတ်မတ် မြင်းကွင်းကိုမဖြစ်စေပဲ MN ကဲ့သို့ ပိုင်း၍ထားသော ဖြတ်ပိုင်းလိုင်းကိုရွေးချယ်ပါ။
အဓိက အရာဝထ္တုကြီး D ကို အဖြည့်ခံ အရာဝထ္တု B ဖြင့်အလေးတင်ပါ။
BLANCING BIG WHIT SMALL လူပုံဓာတ်ပုံရိုက်ပါက ခေါင်းပေါတည့်တည့်မှ သစ်ပင်ပေါက်နေခြင်း နားရွက်တစ်ဖက်မှ နောက်နားရွက်တစ်ဖက်သို့ ၀ါးလုံးထိုးထွက်သွားသကဲ့သို့ နောက်ခံ BACKGROUND ၏အနှောက်အယှက်များကို သတိပြုရှောင်ရှားပြီးမှ ကင်မရာခလုတ်ကိုနှိပ်ပါ။ အထက်ပါအရေးကြီးသော COMPOSITION ဓာတ်ပုံ အဖွဲ့အစည်း အယူအဆများကို အကျဉ်းချုံး၍ အောက်ပါအချက်များကို သတိပြုပါ။
Posted in ဓါတ်ပုံပညာ | Leave a Comment »
ဓာတ်ပုံတွေတည်းဖြတ်ရအောင်
Posted by chitoo on October 18, 2007
ဓာတ်ပုံအထူးဖန်တီးရန် SOFTWARE
နှင့်
BACKGROUND များ
ဒီလို ဓာတ်ပုံ လှလှ လေးတွေဖန်တီးခြင်တယ်ဆိုရင်တော့ software ကို ရက် ( ၃၀) အတွက်အခမဲ့
ဒီနေရာမှာ DOWNLOAD လုပ်ယူနိုင်ပါတယ်။
နောက်ခံ BACKGROUND လှလှလေးတွေလိုခြင်ရင်တော့ ဒီနေရာမှာ အခမဲ့ DOWNLOAD လုပ်ယူနိုင်ပါတယ်။
အခြား software တွေကတော့
ROXIO PHOTOSUTIE PICTURE IT adobe photo shop ULEAD PHOTOIMPACT
Corel PHOTO-PAINT JASC PAINT shop adobe photoshop.7.0 ADOBE PHOTOSHOP LE
မိတ်ဆွေများဆီမှ လည်းကောင်းမွန်သော ဓာတ်ပုံတည်းဖြတ်ရန် အခမဲ့ SOFTWARE များရှိပါက
ဒီ post မှ COMMENT ပေး၍ မျှဝေနိုင်ပါတယ်။
လေးစားစွာဖြင့်
Posted in ဓါတ်ပုံပညာ | Tagged: ဓာတ်ပုံတွေတည်းဖြတ် | Leave a Comment »
ပုံရိပ်ပြတ်သားနိုင်မှုကိုတိုင်းတာခြင်း
Posted by chitoo on October 2, 2007
ဒစ်ဂျစ်တယ်ဓာတ်ပုံ ပုံရိပ်ကို လက်မ သို့မဟုတ် စင်တီမီတာအားဖြင့်တိုင်းတာခြင်းမဟုတ်ပဲ PIXELS ပစ်ဇယ်ဖြင့် တိုင်းတာခြင်းဖြစ် ပါသည်။ ပုံရိပ် ဖမ်းစဉ် စီစီဒီ ပုံရိပ်ဖမ်းလွှာ CCD SENSOR ၏ ယူနစ်တစ်ခုသည် ပစ်ဇယ်တစ်ခုပင်ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်ကင် မရာ၏ ပုံရိပ်ဖမ်းလွှာတွင် သတ်မှတ်ထားသော ပုံရိပ်ဖမ်းလွှာယူနစ် အရေအတွက်ရှိသော ကြောင့်နောက်ဆုံး ပုံရိပ်ဖမ်းဖိုင်တွဲ၏ ပစ်ဇယ်အတိုင်းအတာများသည် ၎င်းပုံရိပ်ဖမ်းလွှာကို ပြုလုပ်ထားသောCHIPပစ္စည်းနှင့်တိုက်ရိုက်ဆက်နွယ်မှု ရှိပါသည်။ *ပုံရိပ်ဖမ်းလွှာ၏ ပုံရိပ်ပြတ်သားမှုသည် ပုံရိပ်ဖမ်းလွှာ၏ အနံနှင့်အလျှားတို့ရှိပစ်ဇယ်အရေအတွက်များကိုမြှောက်ခြင်း ဖြင့် ဖော်ပြနိုင်ပါသည်။ အကယ်၍ ပုံရိပ်ပြတ်သားနိုင်မှုကို 1200 x 1600 ဟု ဖော်ပြနိုင်ပါသည်။ ၎င်းအတိုင်းအတာ (၂) ခုကို တကယ်တမ်း မြှောက်ကြည့်ပါက 1,920,000 ရလဒ်ဖြစ်သောကြောင့် အကြမ်းဖျင်းအားဖြင့်
2 MILLION PIXELS (2.0 MEGA PIXELS) ပုံရိပ်ဖမ်းလွှာဟု ခေါ်ဆိုနိုင်ပါသည်။
*ဒစ်ဂျစ်တယ်ဓာတ်ပုံများကိုပရင်တာဖြင့် ပုံဖော်ထုတ်လိုက်သည့်အခါ ပစ်ဇယ်များသည် စက္ကူ၏ မျက်နှာ ပြင်တွင်သတ်မှတ်ချက်အတိုင်း တစ်လက်မတွင် သို့မဟုတ် တစ်စင်တီမီတာတွင် ပစ်ဇယ်ဘယ်မျှဟု ပြန့်ကျဲသွားမည်။ ထိုသ ဘောတရားမှ ပုံဖော်မှု အခေါ်အဝေါ် PRITING TERM DOTS ဖြစ်သော PER INCH-DPI (တစ်လက္မတွင် မှင်စက်သန်းပေါင်း) ဆိုတာဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
*ဖလင်ဓာတ်ပုံပညာကင်မရာနှင့် ဒစ်ဂျစ်တယ်ဓာတ်ပုံပညာကင်မရာ(၂)မျိုးကိုအကြမ်းဖျင်း နှိုင်ယှဉ်ဖော်ပြပါမည်။
LENS
မှန်ဘီလူး
မှန်ဘီလူး၏ အဓိကလုပ်ဆောင်ချက်မှာ ရိုက်ကွင်းမှပုံရိပ်များကို ဖလင် သို့မဟုတ် ဒစ် ဂျစ်တယ်ပုံရိပ်ဖမ်းလွှာ SENSOR ပေါ်တွင်ကြည်လင်ပြတ်သားအောင် ချိန်ယူပေးရန်ဖြစ်ပါသည်။ ယနေ့ထုတ်လုပ်သော ဖလင် ကင်မရာများနှင့် ဒစ်ဂျစ်တယ်ကင်မရာများမှ မှန်ဘီလူးနှစ်မျိုးစလုံးသည် သတ်မှတ်ချက်တာဝန်ကို တူညီစွာထမ်းဆောင်နေသဖြင့် ကွာခြားမှုမရှိလှပါ။ ကင်မရာ ကိုယ်ထည်မှ မှန်ဘီလူးများ ဖြုတ်/ တပ် လဲလှယ် နိုင်ခြင်း ရှိ / မရှိနှင့် တပ်ဆင်ထားသောမှန် ဘီလူး၏ စွမ်းရည်များကွာခြားနေမျှသာ ကွာခြားမှုရှိပါသည်။
ပုံရိပ်ကြည့်စနစ်
ကင်မရာ၏ ပုံရိပ်ကြည့်ပေါက် တွင် မည်သည့်အမျိုးအစားကင်မရာ ကိုင်တွယ်သည်ဖြစ်စေ ဓာတ်ပုံရိုက်မည့်မြင်ကွင်း ဓာတ်ပုံအယူအဆကို စိတ်တိုင်းကျရွှေး ချယ်ပြီးနောက် စိတ်တိုင်းကျချိန်တွင် ပုံရိပ်ဖမ်းရန် ကင်မရာခလုတ်ကို နှိပ်လိုက်ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်ကင်မရာများတွင် ဓာတ်ပုံရိုက်မည့်မှန်ဘီလူးနှင့် မပတ်သက်သော သီးခြားပုံရိပ် ချောင်းကြည့်ပေါက်ရှိတတ်ပြီး ကင်မရာ၏ နောက်ကျောဘက်တွင် ဓာတ်ပုံမရိုက်မှီနှင့် ဓာတ်ပုံရိုက်ပြီးနောက် ပြန်၍ ဓာတ်ပုံကိုကြည့်ရှုစစ်ဆေးရန် သီးခြားပုံရိပ်ကြည့်မှန် LCD SCREEN ပါရှိသည်။
ရှတ်တာခေါ် အလင်းတံခါးသည် ကင်မရာထဲရှိ ဖလင်၏မျက်နှာပြင်သော်လည်းကောင်း ပုံရိပ်ဖမ်းလွှာ SENSOR ပေါ်သို့ကျ ရောက်မည့် ပုံရိပ်၏ အလင်းအားကို ထိန်းချုပ်ပေးသောပစ္စည်းဖြစ်သည်။ ဖလင်ကင်မရာစနစ်တွင်များသောအားဖြင့် ပါးလွာ သောသတ္တုတစ်မျိုးဖြင့်ပြုလုပ်ထားသော တံခါးဖြစ်သည်။ ထိုတံခါးသည် ဓာတ်ပုံရိုက်စဉ် အပေါ်သို့ ပင့်တက်သွားပြီး လုံလောက် သည့်ပုံရိပ်၏ အလင်းပမာဏ ဖလင်ပေါ်သို့ကျရောက်ပြီးချိန်တွင် ၎င်းအလင်းတံခါး ပြန်ကျ၍ ပိတ်သွားသည်။ ဒစ်ဂျစ်တယ်ကင် မရာ တစ်ချို့တွင် အထက်ပါအတိုင်း အလင်းတံခါးစနစ်ကို အသုံးပြုသော်လည်း အချို့ကင်မရာများတွင် ပုံရိပ်ဖမ်းလွှာ CCD SENSOR ကိုခလုတ်ဖြင့် ဖွင့်ခြင်းပိတ်ခြင်းပြုလုပ်ပေးပါသည်။
လင်းဝင်ပေါက်သည်ကင်မရထဲသို့ ပုံရိပ်၏ အလင်းအနေတော်ဝင်ရောက်လာရန် ထိန်းချုပ်ပေးသော ကျဉ်း / ကျယ် ပြုလုပ်ပေး နိုင်သည့်အပေါက်ဖြစ်သည်။ အလင်းများလျှင် ၀င်ပေါက်ကျဉ်းသွားပြီး အလင်းနည်းသည့်အခါ အလင်းဝင်ပေါက်ကျယ်သွားသည်။ ဒစ်ဂျစ်တယ်ကင်မရာနှင့် ဖလင်ကင်မရာတွင် အသုံးပြုသောစနစ်အတူတူပင်ဖြစ်ပါသည်။
ဒစ်ဂျစ်တယ်ကင်မရာတွင် ဖလင်ကိုမသုံးဘဲ အလင်းသိပုံရိပ်ဖမ်းလွှာကို အသုံးပြုသည်။ အချို့ဒစ်ဂျစ်တယ်ကင်မရာများတွင် POLYSILICON ဖြင့်ပြုလုပ်ထားသော စီစီဒီ SENSOR အလင်းသိလွှာကိုအသုံးပြုပြီး အချို့ကတော့ CMOS အလင်းသိလွှာကို အသုံးပြုသည်။ ၎င်းပုံရိပ်ဖမ်းလွှာသည် ဓာတ်ပုံရိုက်စဉ် ရှု့ခင်းပုံရိပ်၏ အလင်းသိပမာဏနှင့် အရောင်ပမာဏ၏ ပတ်သက်သော အချက်အလက်များ ဖမ်းယူပေးသော အလင်းသိလွှာဖြစ်ပါသည်။ ဒစ်ဂျစ်တယ်ကင်မရာ အတော်များများတွင် အရောင်များဖမ်း ယူရန်အရောင်စနစ်ကို RGB နီစိမ်းပြာ အရောင်စနစ်ကို အသုံးပြုသော်လည်း အချို့ ဒစ်ဂျစ်တယ်ကင်မရာများတွင် YMC ၀ါမာဂျင်တာစိုင်ယင်အရောင်စနစ်ကို အသုံးပြုခဲ့ပါသည်။ ဤစနစ်ကို ကိုဒက်ကုမ္ပဏီမှ စတင်တီထွင်အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ RGB အရောင်စနစ်သုံး ဒစ်ဂျစ်တယ်ကင်မရာများ၏ ပုံရိပ်ဖမ်းလွှာ SENSOR ၏အလင်းသိအား သည် ISO 100 မှ ISO 800 ခန့် ဖြစ်သော်လည်း YMC အရောင်သုံးစနစ်တွင် ဒစ်ဂျစ်တယ်ကင်မရာများ၏ ပုံရိပ်ဖမ်းလွှာ၏ အလင်းသိအားသည် ISO 6400 အထိ မြန်သောကြောင့်အလင်းအားနည်းသောနေရာများတွင် သတင်းဓာတ်ပုံရိုက်ရန် သတင်းဓာတ်ပုံသမားများအတွက် အလွန်အဆင်ပြေပါသည်။ ရှေ့ပိုင်းတွင် အဘယ်ကြောင့် လက်ရှိဒစ်ဂျစ်တယ် ကင်မရာများသည် ယနေ့အခြေအနေအရ ဖလင် ကင်မရာ၏ 35 mm အရွယ် ရောင်စုံဆလိုက်ဖလင်၏ အဆင့်ကိုမမှီနိုင်သေးသည်ကို ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် လင်ရှိုထွက်ပေါ်လာသည့် ဒစ်ဂျစ်တယ်ကင်မရာများ၏ ဓာတ်ပုံအဆင့်အတန်းသည်ပင် ယခုခေတ်နေ့စဉ်သုံး ရောင်စုံဓာတ်ပုံ လုပ်ငန်းများ၊ သတင်းဓာတ်ပုံလုပ်ငန်းများနှင့် စီးပွားရေးကြော်ငြာဓာတ်ပုံလုပ်ငန်းများအတွက် ထက်လွန်ကျော်လွန်၍ ဓာတ်ပုံ ပြိုင်ပွဲကြီးများတွင် ၀င်ရောက်ယှန်ပြိုင်ရန် ဓာတ်ပုံအဆင့်အထိ ရောင်စုံဓာတ်ပုံများ၏ ကောင်းခြင်းအဆင့်သည် အံ့သြလောင် အောင် အဆင့်မှီနေပြီးဖြစ်ပါသည်။ မှန်ပါသည် အထူးစီးပွားရေး ဓာတ်ပုံလုပ်ငန်းများတွင် အသုံးပြုနေသော ဖလင်ကြီးသုံး ကင်မရများဖြစ်သော ဖလင်အရွယ် 6×7 cm, 6×9cm, 4”x5”, 8”x10” ရောင်စုံဆလိုက်ဖလင်ကြီးများ ၏ ဓာတ်ပုံ အဆင့်အတန်း ကိုဖြင့် နှစ်ပေါင်းမည်မျှ ကြာမှ မျက်စောင်းထိုးနိုင်မည်ကိုဖြင့် စာရေးသူအနေဖြင့် ဗေဒင်ဟောကိန်း မထုတ်နိုင်သေးပါ။
Posted in ဓါတ်ပုံပညာ | Leave a Comment »









