အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ


(မှတ်ချက်။ ။ ဓာတ်ပုံတွေ အစီအစဉ် အလိုက်မစီရသေးလို့ အချိန်ရရင်ပြန်စီပြီး အားလုံးကို ပြန်ရှင်းပြပါအုံးမယ်။)

2008 ဒီဇင်ဘာ ခရီးစဉ်

(သို့)

မလေးရှား+ထိုင်း+မြန်မာ သုံးနိုင်ငံခရီးစဉ်

ကျေးဇူးပါပဲလို့သာပြောရတယ် ဘာလို့လဲဆိုတော့ သွားခြင်တဲ့ခရီးစဉ်အတွက် ခွင့်တင်ထားတာကတခြား ခွင့်ပြုတာက တစ်ခြားဆိုတော့ ချိန်းထားတာ အားလုံးလွဲကုန်တာပေါ့။ အဲဒါနဲ့ 2008 ရဲ့ နှစ်သစ် တစ်ရက်နေ့မှာ ခရီးစထွက်ဖြစ်တယ်။ နှစ်သစ်ရဲ့ နှစ်ဦးမှာ ခရီးထွက်ရမယ်ဆိုတော့ ဒီနှစ် တစ်နှစ်လုံးပဲခရီးထွက်မလားမသိဘူးနော်။ ကျနေတာက မလေးရှားနိုင်ငံရဲ့ ကျွန်းကလေး တစ်ကျွန်းမှာလေ။ သွားမယ့်နေ့မှာပဲ မုန်တိုင်းကျလို့ သင်္ဘော ၅ ရက်တောင်ထွက်မရလို့ ချစ်ဦး တို့စပြီးကံကောင်းပြီလေ။ ဒါနဲ့ပဲ စိတ်နာနာနဲ့ လေယဉ်စီးလိုက်ရတယ်။ ကျွန်းကနေပြီး ကွာလာလမ်ပူကိုသွားဖို့လေ။

ကွာလာလမ်ပူရောက်တော့ ကံက ဆက်ပြီးကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံကိုသွားဖို့ ဗီစာ သွားတောင်းရမယ်လေ။ ဇန်န၀ါရီ ၁ ရက်နေ့က အစိုးရရုံးပိတ်ရက်မို့ တစ်ရက်စောင့်ရတယ်။ ဇန်န၀ါရီ ၂ ရက်နေ့မှာ ထိုင်းသံရုံးကို သွားပြီး ဗီစာသွားလျှောက်တာ အပြန်အတွက်လက်မှတ် ပြရမယ်တဲ့။ ချိန်ထားတာက ဗီစာကျမှ အဆင်ပြေသလိုသွားမယ်လို့ပေါ့။ လေယဉ်နဲ့ ဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ်ပေါ့။ ဒါနဲ့ အခု ကားလက်မှတ်သွားဝယ်ပေးမယ်ပြောတော့ နောက်ကျသွားပြီးတဲ့ ထိုင်းသံရုံး(ကွာလာလမ်ပူ) မှာက ဗီစာလျှောက်ချိန်ကို နေ့လည် 133း0 အထိပဲလက်ခံပါတယ်တဲ့။ ဒါနဲ့ဘဲ ကံကောင်းတဲ့ ချစ်ဦးတို့ ထိုင်းဝင်ဖို့အတွက် တစ်ရက်နောက်ကျပြန်ပြီးပေါ့။ ချိန်းထားတဲ့လူတွေနဲ့တော့ လွဲကုန်မှာသေချာတယ်။ ၃ ရက်နေ့မှာ ကားလက်မှတ် ကိုအစေားကြီးသွားဝယ်ပြီး ထိုင်းသံရုံးကို ဗီစာသွားလျှောက်လိုက်တယ်။ ၄ ရက်နေ့မှာ ဗီစာရလို့ ည ၁၀း၃၀ မှာ ကွာလမ် လမ်ပူ ကနေပြီးထိုင်း နယ်စပ်ဖြစ်တဲ့ ဟတ်ယိုင် (hatyai) ကို မနက် ၉ နာရီကို မှာရောက်သွားတယ်။ ပြောပြရအုံးမယ် မလေးရှားနယ်စပ်ကနေ ထိုင်းနယ်စပ်ကို ၀င်တဲ့ မြန်မာများအတွက်သာ အထူးအနေနဲ့ ပိုက်ဆံတောင်းတယ်။ မလေးရှား immigration မဟုတ်ဘူးနော် ထိုင်း immigration က ပိုင်ဆံတောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာလူမျိုးဖြစ်လို့လေ။ အရေးပေးခံရတယ်။ ဂိတ်ဖြတ်တဲ့နေရာမှာ တစ်တစ်ယောက်ထိုင်းလို လိုက်အော်တယ်။ ဗာမာတွေရှိသလားတဲ့ ရှိရင်သူနဲ့လိုက်ခဲ့ပါတဲ့။ တန်းစီစရာမလိုဘူးတဲ့။ ဘာလဲလို့ကိုလည်းလိုက်သွားတာပေါ့။ ဘယ်ဟုတ်မလဲ ကိုတော်ချေားက မေးတယ်။ ခင်ဗျားမှာ မလေးရှားကို ပြန်ဝင်ဖို့အတွက်လက်မှတ်ရှိသလားတဲ့။ ကားလက်မှတ်ပဲဖြစ်ဖြစ် လေယဉ်လက်မှတ်ပဲဖြစ်ဖြစ် နောက်ပြီး show money ထိုင်းဘတ်ငွေ နှစ်သောင်း(၂၀,၀၀၀) ရှိလားတဲ့။ မရှိရင် ထိုင်းဘတ်ငွေ ၁၅၀၀ ကိုပေးဆောင်ရမယ်တဲ့။ ဒါနဲ့ပဲ တန်းစီစရာမလိုပဲ ဗမာ ဖြစ်ရတဲ့ ကျနော် တော်တော်လေးဂုဏ်ယူမိတယ်။ ထိုင်းနိုင်ငံကနေ ပြီး မလေးရှားကိုပြန်ဝင်တော့လည်း ဘယ်လိုလုပ်လဲထင်လည်း ကျနော့်ကို လက်ဝါးထောင်ပြတယ်။ ဘုရားရေ ငါဘာမှမလုပ်ရဘဲနဲ့ ငါ့ကိုပါးရိုက်မယ်လို့ တော့မထင်မိတာတော်သေးတယ်။ ထိုင်း immigration က ပိုက်ဆံတောင်းတာလေ ၅၀၀ ဘတ်ပေးပါပေါ့ ဘာမှတော့ပြောစရာမလိုဘူး ရိုးရိုးသားသားကို တောင်းစားတာ ။ သဒ္ဒါတရားအားသန်တဲ့ ချစ်ဦးတစ်ယောက် လက်မနှေး ကမ်းပေးလိုက်တယ်လေ။ အဲဒါပဲပြောပြတာ ဗမာ ဖြစ်ရတာ ဂုဏ်ယူစမ်းပါလို့။

ဒီလိုနဲ့ ၄ ရက်နေ့ နံနက် ၉ နာရီခွဲမှာ ဟတ်ယိုင်မှ ကနေပြီး ဘန်ကောက်ကို nok Air နဲ့ လာခဲ့ပါတယ်။ သွားတဲ့နေ့မှာ လေယာဉ်လက်မှတ်ဝယ်လို့ ဘတ် 3800 ပေးလိုက်ရတယ်။ ကားရှိပေမဲ့ အချိန်လုနေရတယ်ဆိုတော့ အကုန်ခံလိုက်တော့တယ်။ ဘန်ကောက်ကို ရောက်တော့ နေ့လည် ၁၂ နာရီကျော်နေပြီးလေ။ ဒါနဲ့ဘဲ ကန်ကျနဘူရီ ကိုသွားဖို့ကားကို ထိုင်းနိုင်ငံရဲ့ ကားဂိတ်ကြီးဖြစ်တဲ့ မော်ချစ်မိန် မှာကားသွားစီးတယ်။ အဲဒီကနေပြီး ကန်ကျနဘူရီ (တိုင်း/ပြည်နယ်) ပြီးရင် တစ်ဆင့် စန်ခရပူရီမြို့ (ဘုရားသုံးဆူ) ကို ခရီးဆက် မှာဖြစ်တယ်။ နှစ်ဆင့်ပေါ့။ ဘယ်ဟုတ်မလဲ ကားလည်းပြောင်းစီးရော မိုးချုပ်သွားလို့ လမ်းတစ်ဝက်မှာအိပ့်လိုက်ရတယ်(တည်းခိုခန်းကတော့ဈေးတော်ပါတယ်- ဘတ် 300 ပဲပေးရတယ်) မိုးလင်းတော့ ဘုရားသုံးဆူဘက်ကို ခရီးဆက်ခဲ့တယ်။ နံနက် ၉ နာရီခွဲလောက်မှာ ဘုရားသုံးဆူမရောက်ခင် ကျနော်သွားခြင်တဲ့ စန်ခရပူရီမြို့ – ခရိုင် ( “၀င်က” ခေါ်- “ထိုင်း-မွန်” ) ရွာကိုရောက်တော့ ကျနော့်ကိုမျှော်နေတဲ့ ချစ်လှစွာသော ယဉ်စနိုင်း က ကားဂိတ်မှာလာကြိုတယ်လေ။ အဲဒီရွာကတော်တော် သာယာတာပဲ။ ကျနော်တော်တော်လေး နောက်ဆက်တွဲတွေအများကြီးရှိသေးလို့ စိတ်ဝင်စားရင် ဆက်ဆက်လာလည်ပါလို့်ဖိတ်ခေါ်ပါတယ်။

အချိန်ရရင် ဓာတ်ပုံ တစ်ပုံချင်းစီရဲ့ အောက်မှာ ဘယ်နေရာမှာ
ရိုက်ခဲ့သလဲဆိုတာကို စာထပ်ရေးပေးပါအုံးမယ်။
ကျနော့်ရဲ့ သုံးနိုင်ငံ ခရီးစဉ်ကို အဘက်ဘက်မှ အားပေး
ကူညီခဲ့ကြသော ချစ်ခင်သူအပေါင်းကို ကျေးဇူးအထူးတင်ပါတယ်။
ဒီနေ့ 10-02-2008 ရက်နေ့မှာ ကျရောက်တဲ့ 33 နှစ်မြောက်
ကျနော်ရဲ့ မွေးနေ့ အတွက် အမှီ ဓာတ်ပုံတွေကို တင်ထားရလို့ အစီအစဉ်အလိုက်
မစီထားရတာကိုတောင်းပန်ပါတယ်ခင်ဗျာ။
နောက်ပြီး ဓာတ်ပုံအချို့ကို ဗီဒီယို ကင်မရာနဲ့ ရိုက်ထားရလို့ ပုံထွက်မကောင်းတာကို
အထူးပဲတောင်းပန်ပါတယ်။
နောက်ထပ်တင်စရာ အခြားဓာတ်ပုံတွေလည်း ကျန်ပါသေးတယ်။
လာရောက်အားပေးကြဖို့ ထပ်မံဖိတ်ခေါ်ပါရစေ။

ပန်းမြို့တော် လို့ခေါ်လို့ရတဲ့ ချင်းမိုင် မြို့ (ဇင်းမယ်)ထိုင်းနိုင်ငံ
ချင်းမိုင်အမှတ်တရ
ချင်းမိုင်မြို့ရဲ့ အကြီးဆုံးပန်းခြံ

ဒီကားကို ကြိုက်တဲ့အချိန်ခေါ်သုံးလို့ရပါတယ်။ ကားပိုင်ရှင်က အခင်ဆုံးမိတ်ဆွေတွေလေ..
အယုဒ္ဓမြို့မှာနေတယ်။
အယုဒ္ဓမြို့ဟောင်း
အယုဒ္ဓယမြို့မှ စေတီဟောင်းပုံ
အယုဒ္ဓယမြို့မှ ဦးအောင်ဇေယျ၏ လက်ချက်တွေ
အယုဒ္ဓယမြို့မှ စေတီဟောင်းပုံ

မလေးရှားကို ပြန်ဝင်တဲ့ ခရီးစဉ်










ဟတ်ယိုင်မြို့ (ထိုင်းမလေးရှားနယ်စပ်)



ကားခ ဘတ် 400 ဟတ်ယိုင်မှ ကွာလာလမ်ပူ

နှစ်နိုင်ငံနယ်စပ်

ဘိုကတ်(phuket) မြို့ (patong) ကမ်းခြေမှ လမ်းတိုင်းပြည့်နေတဲ့ ရိုးရာ အနှိပ့်ဆိုင်များ
ဆန်ပြုပ်ကြိုက်တတ်တဲ့ ကျနော် ဘိုကတ်မြို့မှ ဟတ်ယိုင်လာရာလမ်းတစ်ဝက်မှာ ကားသမားနှင့်အတူ ဆေးဘဲဥ၊
ကန်းစွန်းရွက်မီးနီကျော်၊ ကိုက်လံ ၀က်ကျွတ်ကြော်၊( ကြွတ်ကြွတ်ကျော်ထားလို့)စားလာခဲ့တယ်။


(ဘိုကတ်မြို့မှ ဟတ်ယိုင် သို့ )၀မ်းကွဲညီအစ်ကို တစ်ယောက်ရဲ့ ချက်ချင်းအစီအစဉ်ကြောင့် မထင်မှတ်ပဲ ငါးတင်တဲ့ ၁၀ ဘီးကားနဲ့လိုက်လာခဲ့တယ်။ ကိုယ့်အစီအစဉ်က vip ကားနဲ့ အေးအေးဆေးဆေးပေါ့။ အခမဲ့ ဆိုလို့လိုက်လာခဲ့လိုက်


Thailand , phuket island , patong beach.


အသစ်ပြန်ဆောက်ထားတဲ့ ပုလိပ်ရုံး။
Thailand , phuket island , patong beach.
နေပူလွန်းလို့ မျက်စိ ကြိမ်းသွားတာပါ.

Thailand , phuket island , patong beach.

Thailand , phuket island , patong beach.

ဒီကားနီ၊ ကားဝါတွေက တက္ကစီတွေပါ။ သူတို့အခေါ် တုတ်တုတ်လို့ခေါ်ပါတယ်။


ကမ်းခြေမှာ ဆိုင်ကယ်ငှားတယ်။ ကားလည်းငှားတယ်။


patong beach


patong beach


ခေါင်လတ် ကမ်းခြေ ။ ဆူနာမိ ထိပြီးတဲ့နောက် တိုးတက်မှုနှေးနေသေးတယ်လို့ ကျနော်ထင်တယ်။


အမှတ်တရလေးပေါ့။


မြန်မာလိုဆို ထ္မင်းပေါင်းလို့ခေါ်ရမယ်ထင်တယ်။ ဒါပေမဲ့ထမင်းမဟုတ်ပါဘူး။
ကြာဇံနဲ့ လုပ်ထားပါတယ်။ လတ်နား လို့ခေါ်ပါတယ်။


ထိုင်းနိုင်ငံ ဘိုကတ် ( phuket ) မြို့၊ ပါတောင် ( patong ) ကမ်းခြေပါ။
ဒီကမ်းခြေမှာ ကျနော် 10 နှစ်ကျော်နေခဲ့ဘူးပါတယ်။

ဘုရာသုံးဆူ ဆိုတာ ထိုင်းနိုင်ငံထဲမှာရှိတာပါ. မြန်မာမှာတော့နာမည်ပဲရှိပါတယ်။
ဘုရားသုံးဆူပုံရဲ့ အနောက်ဘက်က အဆောက်အအုံရဲ့ အနောက်ဘက်မှာမှ ခြံစည်းရိုးကာထားတဲ့
မြန်မာနယ်စပ်ပါ။

ဘုရားသုံးဆူလမ်း

ဘုရားသုံးဆူလမ်း

ဘုရားသုံးဆူသို့ တစ်ခေါက်

ဘုရားသုံးဆူမှ လှိုက်လှဲုစွာကြိုဆိုပါ၏။

ဘုရားသုံးဆူ
ထိုင်းမြန်မာနယ်စပ်။

မြ၀တီမှ မော်လမြိုင်နဲ့ ဘားအံ သို့ လမ်းခွဲရမယ့် အိန္ဒုလမ်းဆုံ။


မြန်မာနိုင်ငံထဲမှာ ထိုင်းဖုန်းတွေ သုံးစွဲလို့ရတယ်။ နားလည်မှုနဲ့ပေါ့..
ဒါပေမဲ့ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ် မှာပဲတွေ့သေးတယ်။ 95 ကိုခေါ်ရမယ် စရိတ် အဆပေါင်းများစွာ အကုန်အကျသက်သာသွားပါတယ်။

လမ်းခရီးသွားရင်း ကားပေါ်မှ နေထွက်လာပုံ၊



ရန်ကုန် ရွှေတိဂုံ တောင်ဘင်မုဒ်အဆင်းမှ ခိုလေးတွေ။




ပဲခူးရောက်တုန်းက ဖက်စိမ်း ဆေးလိပ့်လိပ့်နေကြတာကို ၀င်ကြည့်ခဲ့တယ်။

မိတ်ဆွေများနဲ့အမှတ်တရပေါ့ ။
ကျနော့်ကို ရင်းရင်းနှီးနှီးနဲ့ကြိုဆိုခဲ့တဲ့ ကို better tomorrow နဲ့ တကွ
မိတ်ဆွေများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်.။

အနာဂါတ် ဆိုတာဘာလဲလို့မသိသေးတဲ့သူတိုလေးတွေ။


အဲဒီပတ်ဝန်းကျင်မှာ စာမသင် ရတဲ့ခလေးတွေ
အယောက် ၂၀၀ လောက်ရှိတယ်လို့ပြောတယ်။
နေရာကတော့ ထိုင်းနိုင်ငံတောင်ပိုင်း ။ ခေါင်လတ်လို့ခေါ်တဲ့
ရော်ဘာခြံထဲမှာ မိဘတွေက စားဝတ်နေရေးအတွက် လာရောက်အခြေနေကြတယ်။



နယ်မြေခံလူကြီးတွေ နားလည်ပြီးလက်ခံ လာအောင်
သိတတ်သူတွေက လာရောက်ရှင်းပြနေတာကို
ခွင့်ပြုချက်ရမရ ကို ရင်တစ်မမနဲ့ စောင့်မျှော်နေကြတယ်။

ခလေးတွေကိုသိပ့်ချစ်တတ်တယ်။

ခလေးတွေကိုသိပ့်ချစ်တတ်တယ်။

ကိုယ်ထူကိုယ်ထ ကျောင်းကလေး တစ်ကျောင်းဖွင့်နိုင်ဖို့
နယ်မြေခံ လူကြီးတွေဆီက ခွင့်ပြုချက်ကို စောင့်နေကြတယ်။


သနားစရာကောင်းတဲ့ခလေးတွေ။
သူတို့လေးတွေရဲ့ အနာဂါတ်ဘ၀ကို လင်ကမ်းပေးသူတွေကို
မျှော်လင့်နေကြတယ်။


မလေးရှားတိုက်ညီနောင်



KLCC ရဲ့ အနောက်ဘက် အခြမ်း


KLCC


KlCC


KlCC

KlCC

KL က တိုက်ညီနောင်

ကျနော်နေတဲ့ ကျွန်းက သင်္ဘော ဆိပ့်။

ကျနော်နေတဲ့ ကျွန်းက ရေအောက် အလှကြည့် မှန်သင်္ဘော။


ကျနော်နေတဲ့ ကျွန်းက လေယာဉ်ကွင်းပါ။


ပျံသန်းခြင်း


ကွာလာ လမ်ပူ


ထိုင်းမသွားခင် ကွာလာ လမ်ပူ မှာ ဗီစာ လျှော်ရင်းနဲ့ မြို့ထဲကပုံ။

ဘုရားသုံးဆူမရောက်ခင်နာရီဝက်လောက်အလိုမှာရှိတယ်။ ထိုင်းနိင်ငံထဲမှာပေါ့။
ရေကတော့ ဒူးခေါင်းကျော်ကျော်ပါပဲ။


အလုပ်နားရက်တွေမှာ ဧည့်သည်တွေပိုစည်ကားပါတယ်။


စားခြင်တာကို မှာစားလို့ရပါတယ်။
ရေတော့ စီးသန်တယ်။ မေားရင်တော့ စားခြင်တာမှာစားလို့ရပါတယ်။
ကျနော်ကြိုက်တာက သက်စေ့(ကိုယ့်အသက်အလိုက်) ငြုတ်သီးမိုးမျှော် ထည့်ပြီး ထောင်းတဲ့
သင်္ဘောသီးထောင်းနဲ့ ကြက်ကင်ကိုတော့ ပြောရင်းနဲ့ သွားရည်ကျမိတယ်။


အမှတ်တရလေးပေါ့။


ဒီရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ စမ်းချောင်းကလေးတစ်ခုပါ.။
ရွာနဲ့ ဘုရားသုံးဆူကို သွားရာလမ်းမှာရှိပါတယ်။
တော်တော်လေး သဘာဝကျပြီး အပန်းဖြေစရာနေရာလေးတစ်ခုပါ။.

ထိုင်းနိင်ငံမှာ အရှည်ဆုံးသစ်သားတံတားလို့ပြောကြတယ်။
အဝေးကနေ သစ်သားတံတားကို လှမ်းမြင်ရပုံ။


ဒီလပိုင်းမှာ မနက်ပိုင်းဆို မြူတွေ နဲ့စိုင်းနေတတ်တယ်။


ကိုတံငါတို့ ပျော်မွေ့ရာလည်းမှန်ပါတယ်။


ထိုင်းနိင်ငံမှာ အရှည်ဆုံးသစ်သားတံတားလို့ပြောကြတယ်။
အဝေးကနေ သစ်သားတံတားကို လှမ်းမြင်ရပုံ။

အင်ကြင်းသီးတဲ့ ။


ပန်းလေးက တော်တော်လှလို့ရိုက်ခဲ့တာ။


အင်းကြင်းပန်း။


ထိုင်းနိုင်ငံမှာ အရှည်ဆုံး သစ်သားနဲ့ တည်ဆောက်ထားတဲ့ တံတားပါ။
Monland လို့ခေါ်တဲ့ မွန်တွေနေတဲ့ မြို့ကို ပေါင်းကူးပေးထားပါတယ်။

ရူ့မဆုံး တဲ့ အလှ


မြို့ အ၀င် ကိုရောက်ခါနီးကွေ့ကလေး။

ဝင်က မြို့ အ၀င် လျှောင်းတော်မူ ဘုရား။
ထိုင်းမွန် တွေ နေတဲ့မြို့ ကလေးတစ်မြို့ပေါ့။ (၀င်က) လို့ခေါ်ပါတယ်။

လမ်းတစ်ဝက်မှာညအိပ့်ပြီး ခရီးပြန်ဆက်တဲ့ ကားပေါ့။
လှပတဲ့ နံက် နေထွက်ချိန်လေးတစ်ခုပေါ့။
ရေတံခွန်ဆိုပေမဲ့ ကျယ်ပြန့်တဲ့ ရေမျက်နှာပြင်အကျယ်ကြီးပါ။
အံ့မခန်း ဆည်ကြီး
တောင်ပေါ်မှာရှိတဲ့ ဆည်ကြီးတစ်ခုပါ။
ပင်လယ်ရေမျက်နှာပြင်ထက်တော်တော်မြင့်တယ်လို့သိရတယ်။

မလေးရှားနယ်စမ်(hatyai) မှ ဘန်ကောက်ကို Nok Air နဲ့ အတူပျံသန်းလာတယ်။

ဘန်ကောက်မှ ဘုရားသုံးဆူသို့ လာရာလမ်းမှ လယ်ကွင်းပုံ

ဂျပန်ခေတ်က ကျဆုံးသွားကြတဲ့ ရဲဘော်တွေရဲ့ အုတ်ဂူ(သချိုင်းဟောင်း) ကို
ဘုရားသုံးဆူသို့ သွားရာလမ်းမှ မြင်ရပုံ။

ဘုရားသုံးဆူကို မရောက်သဖြင့် ဒီနားမှာ( ထုံးဖွားဖွန် ) မှာ တစ်ညအိပ့်လိုက်ရတယ်။

မိုးလင်းအစေားကြီး ဘုရားသုံးဆူကို ခရီးဆက်ဖို့ အိပ့်ယာမှ အစေားကြီးထပြီးကားထိုင်စောင့်ရင်း
အဲဒီနယ်ရဲ့ နံနက်ခင်းဈေး

ဝယ်ခြင်တဲ့ ဗီဒီယို ကင်မရာ မြန်မာငွေနဲ့ဆို သိန်း ၅၀ လောက်ပေးရမယ်။

မလေးရှားမှ ထိုင်းသို့ ၀င်ရန်နယ်စပ်။
ဝေဟင်မှ လေယာဉ်နဲ့ မြင်ရတဲ့ တိမ်တိုက်တွေရဲ့မြင်ကွင်းပုံ။

ဘန်ကောက်မှ ဘုရားသုံးဆူသို့သွားရာလမ်းမှ မြင်တွေ့ရတဲ့ ကြံခင်းများ။

ဓာတ်ပုံ နဲ့ စာသားနဲ့ ကြည့်ရူ့သူမိတ်ဆွေများနားလည်အောင် ထပ်မံရှင်းပြပေးပါအုံးမယ်။
ခရီးစဉ် မှာ အားပေးကူညီခဲ့တဲ့ ကို better tomorrow နဲ့ ချစ်သော YinsaNaine အထူးကျေးဇူးတင်ရှိပါတယ်။
ခရီးစဉ်မှာ တွေ့ဆုံခွင့် ရခဲ့ကြတဲ့ အိမ်လေ၊ ကိုသင်္ကြန်၊ ကိုမော်စီ၊ မွန်ဂိုက်၊ ကိုတောင်ပိုင်းသား၊ မောင်မျိုး၊ ကိုကျော်မြင့်ဦး၊ အထူးပဲ ၀မ်းသာမိပါကြောင်း နှင့် အကြောင်းအမျိုးမျိုးကြောင့်ဆုံခွင့်မ ရသေးတဲ့ မခွန်မြလှိုင်၊ နှင့် အခြားသော ချစ်မိတ်ဆွေ ဘလောက့်ကာ များအားလုံးကို နောက်ခရီးစဉ်မှာ ပြန်ဆုံကြမယ်ဆိုတဲ့အကြောင်း
မှတ်တမ်းတင်အပ်ပါတယ်။

Advertisements

Comments on: "သုံးနိုင်ငံ ခရီးစဉ် Trip to (Thai+Myanmar+Malaysia)" (1)

  1. ဘားအံကိုရောက်ခဲ့မှတော့ဇွဲကပင်တောင်ဓာတ်ပုံမရိုက်နိုင်ခဲ့တာဝမ်းနည်းစရာအကောင်းဆုံးပဲဗျာ..နောက်တစ်ခေါက်ရောက်ခဲ့ရင်အဲ့နေရာနဲ့ဓာတ်ပုံလေးတွေရိုက်ခဲ့ပေးပါအုံး..စိတ်မဆိုးပါနဲ့..ဇွဲကပင်ဆိုတာဘားအံရဲ့အသက်ဖြစ်နေလို့ပါ..ဘာပဲပြောပြောဘားအံမြေလေးကိုကြည့်ရှုခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်..ဘားအံနဲ့ပါတ်သတ်ပြီးဓာတ်ပုံလေးတွေအကြောင်းလေးတွေသိချင်တယ်ဆိုရင်လာလည်ပါအုံး..:Dhttp://www11.jimdo.com/app/s52224c4fb617a8c3/p7e900ad68c635784/

Comments are closed.

%d bloggers like this: