အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ

spa and sunset



နေ့တိုင်း…ဒီနေရာမှာပဲ…အချိန်ကုန်သွားတဲ့ကျနော်တစ်ယောက်
ဒီ့ထက်ဘာမှထူးဆန်းတဲ့ပုံတွေရိုက်ဖို့ အမြဲတမ်းကြိုးစားပါတယ်…နေ့ဘက်ကြည့်မကောင်းရင်တော့ ညဘက်မှာရိုက်ကြည့်ပါတယ်…ဓာတ်ပုံရိုက်လို့အကောင်းဆုံးအချိန်ကတော့ မနက်ပိုင်း 10 နာရီမထိုးခင်နဲ့ညနေပိုင်း နေ၀င်ခါနီးချိန်တွေပါပဲ…အများအားဖြင့်ကတော့ သူသူငါငါ မနက်အစေားကြီးဘယ်သူမှမထနိုင်သေးကြပါဘူး အကယ်၍ သင်ထနိုင်လို့ရှိရင်တော့..ကော်ဖီပူပူလေးတစ်ခွက်လောက်မော့ပြီး ဘက်ထရီအားအပြည့်သွင်းထားတဲ့ သင့်ကင်မရာကို ဆွဲပြီး.သင့်ပတ်ဝန်းကျင် ကို တစ်ပတ်လောက်လှည့်ကြည့်လိုက်ပါ…သင်မထင်မှတ်ထားတဲ့ အထူးအဆန်းတွေကို တွေ့ရပါလိမ့်မယ်..
သင်အိမ်ပြန်ရောက်ပေမဲ့ အချို့လူတွေအိပ့်ယာတောင်မထသေးပါဘူး။
အဆင်မပြေရင်တော့…အညနေဘက်နေမ၀င်ခင်လေး မှာဓာတ်ပုံရိုက်ဖို့ သဘာဝ အလှအပတွေအများကြီးရိုပါတယ်….မမေ့လိုက်ပါနဲ့….နေ၀င်ပြီး 10မိနစ်လောက်အကြာမှာ ကောင်းကင်မှာထူးဆန်းတဲ့လှပတဲ့အရောင်တွေကို သင်မျက်စိနဲ့မမြင်လိုက်ရတာကို…ကျနော်ပြောသလို စမ်းပြီးရိုက်ကြည့်ပါ…ဒါပေမဲ့..stand နဲ့တင်ရိုက်ရင်တော့ပိုကောင်းတာပေါ့…ဘာလို့လည်းဆိုတော့…night mode နဲ့ရိုက်မှ ဒါမှမဟုတ် sunset နဲ့ရိုက်မှ ကာလာပိုစုံမှာဖြစ်လိုပါပဲ။ အောက်ကပုံလေးတွေကိုကြည့်ပြီး…သင်ဘယ်ပုံကို
ကြိုက်နှစ်သက်သလည်းဆိုတာကို ကော်မန်းလေးပေးခဲ့နိုင်ရင်တော့…ကျနော်ဝမ်းသာလို့မဆုံးပါဘူး။

ညနေပိုင်းနေ၀င်ခါနီးမှာရိုက်ထားတဲပုံလေးပါ။
နေ၀င်ပြီးလို့ 10 မိနစ်အကြာမှာရိုက်ထားတဲ့ပုံပါ။

ဒီပုံကတော့အတော်လေးကိုမှောင်နေပါပြီး.ကြယ်လေးတွေတောင်ထွက်နေပါပြီး။

လုံးဝမှောင်သွားတဲ့အချိန်မှာရိုက်ထားတာပါ။
ကောင်းကင်မှာဘာအလင်းမှမရှိတော့ပါဘူး။ ချစ်သူမျက်နှာကလွဲရင်ပေါ့လေ။
ညနေပိုင်း အနှိပ့်ခန်းမှမြင်ကွင်းပုံပါ။
နည်းနည်းလေးမှောင်သွားတော့ ကောင်းကင်ကြီးက တော်တော်လေးပြာနေပါပြီး.
လုံးဝမှောင်သွားတဲ့အချိန်မှာရိုက်ထားတာပါ။


ဒီပုံကတော့..ညနေ နေမ၀င်ခင်ရိုက်ထားတာပါ။ spa ( အဲဒီအထဲမှာ နွားနို့ရယ်၊
ပျာရည်ရယ်၊ ကို အောက်ကအနေတော်လေး အပူပေးစက်နဲ့ ပေးလိုက်ရင် နို့အမြုပ့်တွေအငွေ့
တထောင်းထောင်းနဲ့ ဆင်းစိမ်လိုက်ရုံပါပဲ… ကြိုက်တတ်ရင် ချန်ပိန် ပါဆက်သပါတယ်…သစ်သီးပဲကြိုက်တယ်ဆိုရင်တော့..ရိုးတာပေါ့။


ဒီအောက်ကပုံတွေကတော့ မိုးချုပ်ခါနီးမှာ ရိုက်ထားတာပါ။
spa အခန်းကနေပြီး Jetty ကိုလှမ်းမြင်ရတဲ့ပုံပါ။

ဝါးဝါးလေးရိုက်ထားတာကကြည့်လို့တစ်မျိုးကောင်းလို့ပါ။
မသိရင် လေယာဉ်ဆင်းတဲ့ run way အတိုင်းပါပဲ။ တစ်ကယ်တော့ လေယာဉ် run ပါဘူး။
ကျနော်သာ…မိုးလင်းမိုးချုပ်ဧည့်သည်တွေနဲ့ run နေရတာပါ။

ဒီပုံကတော့…နောက်ဆုံးတည်ဆောက်ပြီးတဲ့ အကြီးဆုံးအခန်း သစ် ဆီကိုတက်သွားတဲ့လမ်းပါ။
ညဘက်မှာရိုက်လို့တော်တော်ကြည့်ကောင်းပါတယ်…
ဒီအခန်းက တစ်ညကို မလေးရှားပိုက်ဆံ 1500 ကျပါတယ်။
ထိုင်းငွေနဲ့တွက်ရင်တော့ ဘတ် 15000 ပေါ့..အခန်းထဲမှာ..ဘာတွေရှိလည်းကြည့်ခြင်ရင်တော့
ဒီမှာနှိပ့်ကြည့်လိုက်ပါ။ အလ်ဘန်ရဲ့ အောက်ပိုင်းလောက်မှာရှိပါတယ်..
Advertisements

Comments on: "spa and sunset" (6)

  1. အောက်ဆုံးပုံကို အကြိုက်ဆုံးပဲဗျို့…။

  2. ဟုတ်တယ် အောက်ဆုံးပုံက အလင်းရောင်ကော အယူအဆကော ကောင်းတယ် နောက်တစ်ခု နေ၀င်သွားတဲ့အချိန် တံတားကိုရိုက်တဲ့ပုံ လည်းကြိုက်တယ် နောက်ရေကန်ထဲ နံရံကပ် မီးတွေကျနေတာလည်းကြိုက်တယ်

  3. ကိုချစ်ဦးရေ အဲဒီအလုပ်က မထွက်ပါနဲ့ လား။ နေသားကျသလို ခေါင်းလဲမစားဘူး။ နေရာလေးက လှပြီး အလုပ်လဲ ပင်ပန်းမဲ့ပုံမပေါ်ဘူး။ တခြားနေရာမှာ အလုပ်တွေက အလုပ် ပင်ပန်းတာ။ အခု ဧည့်သည်တွေ ကိုသာ စိတ်ချမ်းသာအောင် ထား။ အလုပ်က ဆုတွေတောင် ရထားတဲ့ ကုမဏီဆို.. အမျိုးသမီးကိုသာ ခေါ်ထားလိုက်ပါ။ အကောင်းဆုံး အကြံပေးတာပါ။ နောက်အလုပ်ရှာရင် အခုလို အေးအေးချမ်းချမ်း နေရမယ် မထင်ဘူး။ နဲနဲစနဲ နာကြည့်ပေါ့။

  4. အားလုံး လှပြီး အရမ်းကောင်းတယ်။ အကို ဘယ်မှာ ဓာတ်ပုံပညာ သင်ခဲ့တာတုန်းဗျာ။ ကျတော်လည်းသင်ချင်လို.။ ကျတော်မှာ Nikon DSRL D90 ၀ယ်ထားတာ ၂ လ လောက်ရှိတော့မယ်။ ဘယ်လို ရိုက်ရမယ်ဆိုတာမသိတာနဲ.ပဲ မရိုက်ဖြစ်သေးဘူး။ နဲနဲအချိန်ရရင် သင်ချင်ပါတယ်ခင်ဗျာ။ပုံတွေက အတွက် အရမ်းကျေးဇူးတင်တယ်။

  5. အားပေးသွားတယ်ဗျ

Comments are closed.

%d bloggers like this: