အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ

web Design


ပို့စ်မတင်ဖြစ်တာတော်တော်ကြာပြီး။ 01-07-2010 ရက်နေ့မှ ၀ိဘ်ဒီဇိုင်းကိုစတက်တာ 15-08-2010 ရက်နေ့မှာပြီးတယ်. စုစုပေါင်း တစ်လခွဲ ပဲကြာတာကတော့ တစ်ပတ်ကို 5 ရက်နဲ့ တစ်ရက်ကို နှစ်နာရီတက်ခဲ့တယ်ဆိုတော့ ( အမြန်တက်ခဲ့တယ်လို့ပဲဆိုပါတော့ ) ဘာတွေသင်လဲဆိုတော့
1.HTML
2.DREAM WAVER
3.FLASH
4.CSS & JAVA
5.IMAGE READER / PHOTOSHOP

တို့ပါပဲ။
တစ်ကယ်တမ်း အွန်လိုင်းမှာတော့လက်တွေ့ ဘာတစ်ခုမှ ကျနော်မလုပ်ဖြစ်ခဲ့သေးပါဘူး။
FLASH လောက်ပဲစမ်းဖြစ်ခဲ့တယ်။
တကယ်လက်တွဲးပြီးအလုပ်လုပ် ဖို့ဆိုတာကလည်း မော်လမြိုင်မှာ မိတ်ဆွေ အပေါင်းအသင်း တစ်ယောက်မှမရှိသေးဘူး။
လက်တွေ့စမ်းသပ်ဖို့က ကျနော်အရင်ကတည်းကတတ်ထားတဲ့ ဘလော့က်ရေးဖို့နဲ့ တန်းပလိတ်ပြောင်းဖို့က ကျော်ရတဲ့ ဒုက္ခကလွတ်မှပဲ ကျနော်သင်ထားတာတွေကိုလက်တွေ့ အကောင်အထည်ဖော်ရတော့မယ်။…
အခြားနည်းလမ်းသိတဲ့မိတ်ဆွေများရှိရင်…လမ်းစလေးတွေပေးကြပါနော်…မိတ်သစ် မိတ်ဟောင်းများအားလုံးကို ….ခင်မင်လျှက်…
ဓာတ်ပုံ-ချစ်ဦး (မော်လမြိုင်)
ํํํํํํ

Advertisements

ဓာတ်ပုံအားလုံးကိုကြည့်ရန် နှိပ့်ပါ- click here for go to album

Out Door Shoot








နားရက်တွင်အလည်သွားခဲ့သောခရီးစဉ်များ

(1) ကွာလာ လမ်ပူမြို့( တိုက်ညီနောင်) KLCC

(2) ကိုရီးယား မှာလိုပဲ တောင်ထိပ့်မှာသိပ့်အေးတဲ့ Genting Highlands

(3) Melaka ရေလက်ကြား

ထပ်ကြည့်ခြင်တယ်ဆိုရင်တော့

ဒီမှာ ( 219 ပုံ)နဲ့

ဒီမှာ ( 500 ပုံ)

KlCC

Genting Highlandsသို့တက်သော ကြိုးယာဉ်

Genting Highlandsသို့တက်သော ကြိုးယာဉ်


Melaka သို့အလည်လာသူများအတွက် ( အငှားဆိုက္ကား )


မာလာကာရေလက်ကြားမှ ဟိုးတုန်းက နာမည်ကြီး နေရာများ (view point)


မာလာကာမြို့ဟောင်းမှ
(မုဒ်ဝ နှင့် အမြောက်)
မာလာကာ၏ ညဘက်အလှမီးများ


မာလာကာ၏ ညဘက်မြို့အလှမီးများ


ဒီလှေထဲမှာ သမိုင်းဓာတ်ပုံများကို ကျနော် အမှတ်တရ ရိုက်ထားပါတယ်။
ဤ နေရာမှ ၀င်ကြည့်နိုင်ပါသည် ။

BBQ @ the beach


28-09-2008
KL ကွာလာလမ်ပူကို 7 ရက်ခရီးအလည်အပတ်သွားဖို့ရှိလို့
ဒီအရက်အတွင်း ပိုစ့်မတင်ဖြစ်တာကြောင့် ဒီနေ့ည လုပ်ထားတဲ့ ကမ်းခြေက အသားကင်ညစာ ( BBQ Dinner at the beach ) ကိုရိုက်ပြီး တင်လိုက်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။


BBQ at the beach

nemo





ရေအောက်အလှကမ္ကာကို နှာစေးချောင်းဆိုးဖြစ်နေတဲ့ကြားကနေပြီး သွားရိုက်ဖြစ်ခဲ့တယ်။ ဓာတ်ပုံလည်းရိုက်ပြီးရော ခေါင်းလည်းကိုက်ပါတော့တယ်။ ရာသီဥတုက ပူလိုက်အေးလိုက်နဲ့ဖြစ်နေလို့လေ။ ထားလိုက်ပါတော့။ နီမို တို့မိဿားစုအကြောင်းကိုနည်းနည်းမိတ်ဆက်ပေးမယ်။မကြည့်ဖူးသေးတဲ့ မိတ်ဆွေတွေအတွက်ပေါ့နော်။ ကာတွန်းကားရဲ့နာမည်က Findning Nemo တဲ့။ သူတို့ကို ကလောင်း Fish လို့ခေါ်ကြတယ်။ NeMO ဆိုတာက အဲဒီ ကလောင်းfish ဆိုတဲ့ ငါးအမျိုးအစားထဲက ငါးလေးတစ်ကောင်ရဲ့နာမည်ပေါ့။ နီမို့ လေးက သူဥထဲကနေပြီးထွက်မလာခင်ကတည်း သူ့အမေကို ငါးမန်းကြီးလာစားသွားတယ်။ သူ့အမေက သူဥထားတဲ့ ဥတွေကို စိတ်ပူလို့သွားပြီးကာကွယ်တဲ့အချိန်မှာပဲ အစားခံလိုက်ရတယ်။ သူ့အမေအစားခံလိုက်ရတဲ့အချိန်မှာ ဥတွေလည်းအကုန်စားသွားတယ်။ သူ့အဖေက သူအမေကိုလိုက်ရှာနေတုန်း သူ့ဥတစ်လုံးကိုတွေ့လိုက်တယ်။ အဲဒီကျန်ခဲ့တဲ့ဥလေးက နီမို့ ပဲပေါ့။ နီမို့ က မိခင်မရှိတော့တဲ့ အဖေနဲ့ဘဲအတူတူနေနေရတဲ့ငါးလေး တစ်ကောင်ပါ။ အရာရာတိုင်းကိုသိခြင် တတ်ခြင်နေတဲ့ နီမို့ကို သူအဖေက တတ်နိင်သလောက် သင်ပြပေးတယ်၊ ကျောင်းထားပေးတယ်။ နောက်ဆုံးမှာ သူတိုနေတဲ့ ရေမှော်ပင်ထဲကနေ ဝေးကွာတဲ့နေရာလေးကို နီမို့ရောက်သွားတာပေါ့။ နောက်ဆုံးမှာ ကံကောင်းထောက်မစွာနဲ့ သူ့အဖေရှိတဲ့ သူ့ပတ်ဝန်းကျင်ကိုပြန်ရောက်လာတယ်။ ဇာတ်လမ်းက အရှည်ကြီးပဲ ကြည့်လို့တော်တော်ကောင်းပါတယ်။ အချိန်ရရင်ရှာကြည့်လိုက်နော်။ ဒီမှာ သူတို့ကားလေးကို ရိုက်ထားတာ ( အပိုင်းတိုတိုလေး) အပြင်းပြေပေးကြည့်လိုက်မယ်။ နာမည်ကြီးတဲ့ကာတွန်းကားမို့လို့ လူတော်တော်များများသိကြပါတယ်။
တကယ်ဆို သူတို့ကရေမှော်ပင်တွေကြားထဲမှာပဲနေကြတယ်လေ။ အများအားဖြင့်မိဿားစုအလိုက်နေကြတာပေါ့။ သူတို့ရဲ့သား/သမီးတွေကို အဖေနဲ့အမေ ဖြစ်သူက အမြဲတမ်းထွက်လာပြီးကာကွယ်ပေးတယ်။ သူတို့သားလေးကိုဖမ်းသွားမှာဆိုးလို့လေ။ တစ်ချို့မိဿားစုဆို သားသမီး သုံးလေးကောင်ရှိကြတယ်။ သူတို့လေးတွေကသိပ့်ချစ်ဖို့ကောင်းတယ်။
သူတို့က တကယ်ကိုသိပ့်ချစ်ဖို့ကောင်းတယ်။ သူ့သားလေးကို ကျနော်မကြာခဏသွားဖမ်းကစားတယ်။ ဖမ်းလို့ရတိုင်းလည်း သိပ့်သနားတယ်။ သူ့အဖေနဲ့သူ့အမေရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေစို့နေသလိုမျိုးကျနော်ခံစားရတယ်။ အခွင့်ကြုံတိုင်း နီမို ဆိုတဲ့ ( ကလောင်း fish ) ငါးလေးတွေရဲ့ချစ်စရာပုံတွေကို ညီအစ်ကိုများကြည့်လို့ရအောင်ထပ်ရိုက်ပြီးတင်ပေးပါ့မယ်။
အခုပုံကတော့ သိပ့်မကောင်းလှဘူး နေရောင်ကသိပ့်မပြင်းတော့ အရောင်သိပ့်မလှဘူးဖြစ်နေတယ်။ မိုးအုပ်နေရင် ရေအောက်မှာလည်း မှောင်နေတော့တာပဲ။ နောက်ပြီး
စိတ်တိုင်းကျမဖြစ်သေးဘူး။ ရေပေါ်မှာလှိုင်းတအားကြီးနေလို့ ရေအောက်မှာလည်းမငြိမ်ဘူး ဓာတ်ပုံရိုက်ဖို့ ချိန်လိုက်ရင် ကိုယ်ပါလိုက်ပြီးယိမ်းနေတယ်။ အသက်ကလည်းအောင့်ထားရတယ်လေ။ အခုဒီပုံကို ကျနော် ရေအောက် 6 ပေကျော်ကျော် လောက်မှာ ဆင်းပြီးရိုက်ခဲ့တာပါ။ ရိုက်ရတာ တော်တော်လေးကိုခက်ခဲပါတယ်။ အားလုံး ပျော်ရွှင်နိုင်ကြပါစေ။

နီမို့ ဖမ်းခံထိသွားလို့ သူ့အဖေ ပူဆွေးသောကရောက်နေတဲ့အခန်း ( ပြင်သစ်ဘာသာ )

he and me


xcc